အင်တာနက်ကိုစတင်အသုံးပြုသူများအတွက်လမ်းညွန်
အိုင်တီကို အခုမှ စတင်အသုံးပြုသူများအတွက် ရည်ရွယ်ပါသည်။
ခက်မြန်မြန်လေး ဖောင့်များကို ထည့်သွင်းနည်း။
Window ကီးဆိုတာကောသိလား။ ကီးဘုတ်ဘယ်ဘက်ချမ်းက Ctrl ကီးနဲ. Alt ကီး ကြားထဲက ကီးကိုပြောတာ။
အဲဒီ Run Box ထဲမှာ fonts လို.ရိုက်ပြီး Enter ခေါက်။ ဖောင်းဖိုင်တွေအများကြီး ပေါ်လာပြီဆိုရင် လွတ်တဲ့တနေရာပေါ်မှာ Right Click နှိပ်ပြီး Paste ကိုနှိပ်။ ဒါဆိုဖောင့်သွင်းခြင်းကိတ်စပြီးသွားပါပြီ။ လုပ်နေကြဆိုရင် တစ်မိနစ်တောင် မကြာဘူး။
on-screen keyboard ကို ဖန်တီးရအောင်
Start ကို ဖွင့် ပြီးရင် Programs ထဲသွား၊ Accessories ထဲကနေတဆင့် Accessibility ပြီးရင် on-screen keyboard ဆိုတာကို ကလစ်လုပ်။ ကီးဘုတ်ပုံစံလေး မော်နီတာမှာပေါ်လာလိမ့်မယ်။ အဲဒီ မော်နီတာပေါ်က ကီးဘုတ်ပုံစံလေးမှာ Settings ထဲကိုဝင် ပြီးရင်ဖောင့်ဆိုတာကို ကလစ်လုပ်။ ကိုယ်ကြိုက်တဲ့ ဖောင့်ကို ရွေး ပြီးရင် OK လုပ်။ ဒါဆိုရင် Mouse လေးနဲ.နှိပ်ပြီး စာတွေရိုက်လို. ရပြီပေါ့။
အပေါ်မှာပြောခဲ့တဲ့ Run Box ကိုမှက်မိတယ်မလား။
အဲဒီ Run ကနေတဆင့် သွားလို.ရတဲနေရာတွေကို ပြောပြမယ်။ Run box ထဲမှာ ရိုက်ထည့်ပြီး OK လို.ပြောရမှာနော်။
၁။ Run ထဲမှာ timedate.cpl ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက ကွန်ပြူတာရဲ့ အချိန်တွေ၊ ရက်စွဲတွေပြင်လို.ရတဲ့ နေရာကို သွားတာ။
၂။ နောက်တစ်ခုက control ဆိုပြီးရိုက် ok လို.ပြော။ အဲဒါက control panel ထဲကိုသွားတာ။
၃။ Notepad ထဲကိုသွားချင်ရင် notepad လို.ပဲရိုက်လိုက်ရင် ရပြီ။
၎။ Wordpad ထဲသွားချင်ရင်လည်း အဲဒီအတိုင်း wordpad လို.ရိုက်ပြီး Enter ခေါက်။
၅။ winword ဆိုပြီး Enter ခေါက်ရင် Microsoft word ကိုရောက်သွားလိမ့်မယ်။
၆။ Excel ဆိုပြီး Enter ခေါက်ရင် Microsoft Excel ကိုရောက်သွားလိမ့်မယ်။
၇။ powerpnt ဆိုတာက ပါဝါပွိုင့် ကို။
၈။ photoshop ဆိုတာက Adobe Photo shop ကိုသွားတာ။
၉။ calc ဆိုတာက ဂဏန်းပေါင်းစက်
၁၀။ cmd ဆိုတာက Command Box
၁၁။ charmap ဆိုတာက ကာရိုက်တာ Map ကို
၁၂။ cleanmgr က Disk ကို သန်.ရှင်းတာ
၁၃။ dfrg.msc ဆိုတာက ဖိုင်တွေကို စနစ်တကျ ပြန်စီပေးတာ။ အဲဒီလိုပြန်စီလိုက်ရင် ကွန်ပြူတာသုံးရတာ နဲနဲတော့ ပိုမြန်သွားတယ်။ Defragment Run ရင်အချိန်နဲနဲတော့ ပေးရတယ်။ အဲဒီလို Run ထားရင်လည်း ကွန်ပြူတာကို ဘာမှမသုံးတာ အကောင်းဆုံးပဲ။
၁၄။ Disk ကို manage လုပ်မယ်ဆိုရင် diskmgmt.msc ဆိုပြီးရိုက်။
၁၅။ ntbackup ဆိုတာက data တွေ system state တွေကို backup လုပ်ဖို.။
၁၆။ sndrec32 ဆိုတာက ကွန်ပြူတာနဲ အသံ ဖမ်းဖို.
၁၇။ Run box ထဲမှာ c: ဆိုပြီးရိုက်ရင် c Drive ကို ရောက်သွားမယ်။ d: ဆိုပြီး Enter ခေါက်ရင် D Drive အောက်ကို ရောက်သွားမယ်။
၁၈။ Add or Remove Programs ကို သွားချင်ရင် appwiz.cpl ဆိုပြီးရိုက်။
၁၉။ Device Manager ကို သွားချင်ရင်တော့ devmgmt.msc လို.ရိုက်။
၂၀။ ကွန်ပြူတာ User အသစ်တွေ ဖွဲ.ချင်ရင် nusrmgr.msc လို.ရိုက်
၁။ ပထမဦးဆုံး Run box ထဲမှာ sndrec32 ဆိုပြီး Enter ခေါက်။
၂။ စပီကာက ဂျက်ပင်ကို ကွန်ပြူတာမှာထိုးတဲ့ အပေါက်နားမှာ ပန်းရောင်အပေါက်ရှိတယ်၊ အဲဒါက မိုက်ကရိုဖုန်း တက်ဖို. ၊ တကယ်လို မိုက်ကရိုဖုန်းမရှိရင် စပီကာကိုလည်း မိုက်ကရိုဖုန်း ပုံစံမျိုး ပြောလို.ရတယ်။ အဲဒီ ပန်းရောင်အပေါက်မှာ မိုက်ကိုတက်။
၃။ ပြီးရင် ခုနက ခေါ်ထာတဲ့ sound Recorderက အနီရောင် ခလုပ်လေးကို နှိပ်ပြီး ကိုယ်က ကွန်ပြူတာမှာ မြည်စေချင်တဲ့ စကားလုံးတွေ ပြောထည့်။
၎။ ပြီးတော့ Save လုပ်။ ကိုယ် Save လုပ်တဲ့နေရာရယ်၊ File name ရယ်ကိုတော့ မှက်ထားဦးနော်။
၅။ နောက်တခါ Run box ထဲမှာ control လို.ရိုက်ပြီး Enter ခေါက်။
၆။ sounds and Audio Devices ဆိုတဲ့ စပီကာပုံ လေးပေါ်မှာ ကလစ်လုပ်။
၇။ sounds and Audio Devices ထဲ ရောက်ပြီဆိုရင် Volume တပ် ရဲ့ဘေးမှာ Sounds ဆိုတာရှိတယ်။ အဲဒီထဲဝင်။
၈။ အောက်နားမှာ Program Events ဆိုတဲ့ Box ထဲမှာ တခုခုကိုရွေး ။ ဥပမာ windows log off ကို ရွေးမယ်ဆိုရင် ကွန်ပြူတာ log off ချတိုင်းမှာ ကိုထည့်ထားတဲ့ အသံကမြည်မှာလေ။
၉။ ပြီးရင် အဲဒီဘေးမှာ Browse ဆိုတဲ့ ဟာလေးလင်းလာပြီဆိုရင် ကလစ်လုပ်ပြီး ကိုယ်ခုနက သိမ်းထားတဲ့(Record) file ကို ပြန်ရွေးပေးလိုက်။ ပြီးရင် ok . Apply . ok …ဒါဆိုရပြီ။
၁။ Alt + Shift + Num Lock ( Alt ကီးရယ်၊ Shift ကီးရယ်၊ ညာဘက်ခြမ်းမှာ ရှိတဲ့ number lock ကီးရယ်ကို တစ်ပြိုင်နက် နှိပ်တာပါ)
၂။ Mouse Keyboard ဆိုတဲ့ box လေးပေါ်လာပြီဆိုရင် Settings ထဲသို့ဝင်ပါ။
၃။ Use Mouse Key မှာ Check box On ပေးရပါမယ်။
၎။ ပြီးရင် ဘေးက Settings ထဲသို့ ထပ်ဝင်ပါ။
၅။ Top Speed ကို high အထိဆွဲတင်ပါ။ Acceleration ကိုလည်း Fast အထိဆွဲတင်ပါ။
၆။ ပြီးရင် Ok လို့ ပြောပါ။ ညာဘက်ထောင့်အောက်ခြေမှာ Mouse ပုံစံလေးပေါ်လာပြီဆိုရင် ရပါပြီ။ တကယ်လို့ အဲ့ဒီ Mouse ပုံစံလေးမှာ မျဉ်းနီလေး ခတ်ထားပါက Number lock Key ကိုတစ်ချက်ထပ်နှိပ်ပြီး မျဉ်းနီလေးပျောက်သွားအောင် လုပ်နိုင်ပါတယ်။
၇။ အခုဆိုရင် စပြီးတော့ Key Board ညာဘက်မှ နံပါတ် ကီးများဖြင့် Mouse Pointer လေးကို ရွှေ့နိုင်ပါပြီ။
၈။ နံပါတ် 5 key ကတော့ mouse မှာပါတဲ့ click နှိပ်သလို အလုပ်လုပ်ပေးပါတယ်။
၉။ Right Click လုပ်ချင်ရင်တော့ Key Board ညာဘက်ခြမ်းက( - )key ကိုနှိပ်ပေးရပါမယ်။ Left Key ပြန်ပြောင်းချင်ရင်( / )key ကိုနှိပ်ပေးရပါမယ်။ Drug ဆွဲဖို.ဆိုရင်တော့( o )Key ကိုနှိပ်ပေးရပါမယ်။
၁၀။ အဒီအချိန်မှာ နံပါတ်တွေ ရိုက်ချင်ရင်တော့ ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက နံပါတ်ကီးတွေနဲ.အဆင်ပြေမှာမဟုတ်ပါဘူး။ နဂို မူရင်းအတိုင်း ပြန်ထားချင်ရင်တော့ Alt + Shift + Num Lock ကို ပြန်နှိပ်၊ ပြီးရင် check box ကို ပြန်ပြီးတော့ ဖြုတ်၊ Apply – ok လို. ပြော။